Monday, July 28, 2014

27th july 2014












G mail တောင်မတက်တဲ့ connection ဘာလုပ်လို့ရလဲ Facebook ဖွင့်လို့ရတယ်ဆိုလို့ကျေအေးလိုက်တယ်။ operator တွေ များဘို့မလိုပါဘူး ရှိတဲ့လူတွေ efficiency ဖြစ်ဘို့လိုတယ်။ ပုံမထည့်ရတော့စာတွေ ချည်းဘဲ ရေးရမှာပေါ့. ရေးမှာဘဲ မတားနဲ့

 
 
၁. sky net သဘောကျတယ်။ တန်တယ်. တစ်လ တစ်သောင်းခွဲ ဝန်းကျင် တစ်နေ့ငါးရာ ဝန်းကျင်နဲ့စိတ်ချမ်းသာတယ် တီဗွီတစ်လုံး လိုင်းတစ်လိုင်းဘဲ ဆိုတာတော့အားမရဘူး လိုင်းခိုးဆွဲရင် ရမလား စဉ်းစားပေမဲ့ အခန်းတွေ က အဆင်မပြေဘူး. နောက်တစ်ခန်းမှာ 5 network တပ်ပေးလိုက်မယ် စိတ်ကူးတယ်။ စက်တောင်ပြန်ပြင်ထားရတယ်။ သွားစုံစမ်းပြီးပြီ တစ်လ လေးထောင်. sport မယူပါဘူး လေးထောင်ကနေ ခြောက်ထောင်ဖြစ်မယ် အိမ်မှာ ယောကျာ်းလေးက လက်ချိုးရေလို့ရတယ်။ ငါ့အစ်မက တော့လွါန်ခဲ့တဲ့နစ်ပါတ်လောက်က သက်တမ်းခြောက်လ တိုးလိုက်တယ်တဲ့. ဘယ်လိုစီဏဥင်္ပေးမလဲ ဆိုတော့လာပါလိမ့်မယ် ကြာမယ်ပေါ့နော်. တစ်ချို့အိမ်တွေ တော့ရနေပါပြီတဲ့ အလိုအလျောက် အိုတိုမက်တစ်ရသွားသင့်တယ်။ ငါတို့စကာပူမှာ ဆိုရင် . ထားပါတော့မောတယ် ငါ့အစ်မ သူ့ဘာသာ သူစီမံရလိမ့်မယ် ငါတော့ လေးထောင်နဲ့ ၁၈ လိုင်းရမှာပေါ့။ ပြင်ဆင်ခ မပေးရဘူးတဲ့ ကျေနပ်တယ် စက်အသစ်လဲပေးရင် ပိုကျေနပ်မယ်။ အန်တီနာ ခေါ်ရင် ဆာဗဏ် လေးထောင်နဲ့ လမ်းစရိတ်ပေးရမယ်တဲ့ သူများတွေ ကတော့ကိုယ့်ဘာသာ ကိုယ်အန်တီနာ ဆင်ကြတယ်တဲ့ ငါတို့အိမ်မှာတေှာု့အင်၈ျင်နီယာ ဆိုတာ ဒါတွေ လုပ်ဘို့မဟုတ်ဘူးလေ. ငါလုပ်ဘို့ပေါ့မလုပ်တတ်ရင် လူခေါ် ဘာအခက်ဆုံးလဲ သိလား မခ ဆိုတော့သိပါတယ် မောင် ပိုက်ဆံရှာရတာ အခက်ဆုံးပါ. အေးပေါ မောင်ဘဲရှာ ခဘဲ အန်တီနာ လူရှာ့ပါမယ် နင်ငါ့ကို သိတ်နိုင်တယ်မောင်. လျှော့ဦး။ချိုချိုသာသာ ပြောတာ လိုချင်တယ် ငယ်ငယ်တုံးကလို ငါက လဲ ငယ်ယ်တုံးကလိုမှ မလှတော့ဘဲ.ဘယ်ချိုတော့မလဲ။ ရိုးပြီပေါ့မောင်. မင်းတို့မိန်းမတွေ သိတ်ခက်တယ် အခြေအနေမှန်ကို နားမလည်ကြဘူး အိုကေ အိုကေ. ။ အချစ်ဆိုတာ ရင်ထဲမှာ ဘယ်ဘက်နားက ဝင် ညယဘက်နားကထွက်. အဝင်တောင်မခံဘူး တိန် ဆိုပြီး ညာဘက် နားထည်းကနေ ပြန်ထုတ်လိုက်တယ် ။ ဒါဘဲပေါ့ အေးတယ။် လောကကြီး အသက်ကြီးလာရင် အရှူံးဘဲ ငယ်တုံးကတော့မောက်မာနိုင်သပေါ့ ငါ့မောင်က ငါ့ကိုသိတ်ချစ်တာ. တော်ပါတော့မခ ရယ် မင်းမမော သေးဘူးလား..(သက်ပြင်းချ.)







၂။ မောင်က ကွန်ပြူတာ လက်ပတော့ပြင်ဘို့ပေးလိုက်ရင် ဖွင့်လိုက်ရင် တီတီတီတီ ဆိုပြီး အသံမြည် တယ် ပြောပြီးနော် ငါရန်ကုန် ရောက်တာနစ်လ မပြည့်သေးဘူး ငါသိတာ ကွန်ပြူတာ ပြင်တာ တစ်ယောက်ဘဲ ရှိတယ်။ ငါ့သူငယ်ချင်းသွားပြင်တုံးက လိုက်သွားတာ. ကီးဘုတ်ကပ်နေတာ အစ်မ သန့်ရှင်းရေးလုပ်လိုက်ရင် ကောင်းသွားမယ် ကောင်းတာပေါ့ကွယ် ပြင် ပြင်. ကီးဘုတ်တွေ ဖြုတ်လိုက်တာ လေးလု့းဖြုတ်လိုက်တာ ကျိုးသွားတာပေါ့ကွယ် ငါလဲ service center ရောက်သွားတာပေါ့ ကျိုးသွားတဲ့ကီးကို ကော်နဲ့ကပ်ပေးလိုက်သေးတယ် စာရိုက်ရင် ဆီးဆော စီးရသလိုဘဲ ကီးလေးက နိမ့်လိုက်မြင့်လိုက်နဲ့ အတော်နိပ်စက်ကြတာဘဲ မပြင်တတ်ရင် မပြင်ကြပါနဲ့လားကွယ်တို့ရယ် ငါသုံးသောင်းခွဲ ကုန်သွားတယ် ကီးဘုတ်လဲလိုက်ရတယ။် တတ်လို့လုပ်တာ မဟုတ်ဘူး ငတ်လို့လုပ်တာ ဆိုတာ ငါမေ့သွားတယ်.။ မောင်ကတော့ခွှု့်လွတ်တယ်။ error ပေါ့ကွာတဲ့ ဖြစ်တတ်ပါတယ် သိတ်စိတ်ထားကောင်းတဲ့မောင်. ငါ့ကတော့အဲသည်လူဆီ ထပ်မသွားတော့ဘို့လို့ဆုံးဖြတ်တယ်။


 

 ၃. မင်းစီးနေတာ ကီလို နစ်ထောင် ရောက်တော့မယ် အင်၈ျင်ဝိုင်လဲတော့တယ် မလဲပါရစေနဲ့မောင်ရယ်ဘာဖြစ်လို့တုံးတစ်ခုပြင်ရင် တစ်ခု ပျက်တယ် မောင်ရဲ့. မင်းကွာ ........ငါသွားရင် အချဉ်ကြီးကို ဖြစ်လို့မောင်ရယ် အားငယ်တယ်။ ငါ့များဆိုရင် ခွေးပစ်တဲ့ တုတ် ထင်ကြတယ် မလေးစားကြပုံများ မောင်နဲ့ကျားကန်ထားရတယ်။ သွားလဲ တဲ့ မလဲပါဘူး ဘာဖြစ်လဲ. ငါ့ နိပ်စက်ကြဦးမယ်. ကားအခင်းသွားခင်းတာ ခုံတွေ ဖြုတ် အထိုင်မကျလို့ ဒါတ် ဆီ ထည့်တဲ့ ခလုပ် အထိုငမမကျတာနဲ အထိုင်ခုံ အထိုင်မကျတာနဲ့ မတတ်တာလား ဖြစ်ကတတ်ဆန်းလုပ်ကြတာလားမ လေးစားတာ လား နစ်ခါ နစ်ခါ သွားရတာ လွယ်သလား အကောင်စုတ်တွေရဲ့။ ပြောလိုက်၇င်တော့ဟုတ်ကဲ့လိုတာ ရျှိပြောနော် လိုလိုနိုင်လွန်း ခဏခဏ သွားနေရတာ.။။

 
 ၄. ကားမှတ်တိုင်တွေ မှာ အလှူငွေ တွေ မိန်းမတွေ ကောက်ကြတယ် စာရင်းမရှီ အင်းမရှိဘယ်အဖွဲ့ကမှန်းလဲ မသိ. င်မထည့်ပါဘူး။ ပထမတော့ထည့်သေးတယ်။. ဈေးလာရောင်းတဲ့ ခလေးတွေ ကို သနားလို့ဈေးဝဝယ်တော့မောင် က မဝယ်နဲ့ မင်းဝယ်ရင် သူတို့က လောဘနဲ့ပြေးလာရင် ကားတိုက်ရင် ဒုတ်ခရောက်မယ်တဲ့ ငါမဝဝ်ရင်သူတို့ပိုက်ဆံမရဘူးပေါ့ ပိုက်ဆံအေ၇းကြီးတယ်လေ.မောင် ပိက်ဆံမရှီရင် ဘာဖြစ်မလဲ ဆိုမောင်ဘဲ မေးလို့ ပိုက်ဆံမရှိရင် ခွေးဖြစ်တာပေါ့မောင်လို့ဖြေ့ပီပြီ ကြက်ဥနဲ့ ကြက်မ ဘယ်က ဖြစ်လဲ မီးပွိုင့်ဈေးရောင်းအလှူငွေ ကောက် ဘယ်လိုဖြေရှင်းကြမှာလဲကွယ်။

 

 ၅။မောင် က ငါ့ဆီက ဆို သိတ်ကပ်တုတ်ချင်တာ ရေခဲမုန့်လေဲငါဘဲ ကျွေးရတယ် အခုလဲ နစ်ထောင်တောင်းပြီး သွားပြန်ပြီ. ငါသိပါတယ်မောင်လိုသေငှးကြီးနစ်ထောင်တောင်းသွားတယ်ဆိုတာ မောင်ကာရာအိုကေသွားတာ မဟုတ်ပါဘူးလို့ အလီဘိုင် ပြသွားတာမဟုတ်လား နစ်ထောင်နဲ့လဘက်ရည်ဆိုင်ဘဲ သွားလို့ရတယ်လေ. မောင့်အိပ်ကပ်ထဲ မှာ ငါးထောင်တန်တွေ ဘယ်ရောက်သွားလဲ အပေါဆုံးက ပိုက်ဆံဆို. ဟင်း ငါကတော့ sky net တစ်လုံးနဲ့ကျန်ခဲ့တာပေါ့ အပြင်ခေါ်သွားလို့မရတော့ကဘူလေ. အော်ဘဝ ဘဝ ဘနဲ့ဝနဲ့ပေါင်းတဲ့ ဘဝ

၆။ အပြင်မခေါ်ကြနဲ့တို့မှာ ယောကျာ်းရှိတယ် ညနေ ခြောက်နာရီဆို အိမ်ပြန်ဝင်ရတယ် ဒါမှ ဘိုင်းကောင်းကျေက်ဖိဖြစ်မှာပေါ့ မောင်နဲ့သွားရင် ဒါတ်ပုံမရိုက်နဲ မောင်မကြို့်ဘူး အသက်သုံးဆယ်တု့းက ဘာလုပ်လုပ်ဘာမှ မပြောတဲ့ မောင် အခုကြတော့အပစ်တွေ မြင်တာ များလို့ ခပ်ချိုချို နေရတယ် ဒါလဲ ဘဝဘဲ။

၇။ ဘဝတွေ သိတ်များသွားပြီ. သရက်သီး သုံးလုံးတစ်ထာင် လေးလုံးတ်စထောင်ဖြစ်နေပြီ ဝယ်တုံးဘဲ ဒိန်ချဉ် တစ်ခွက် တစ်ထောင် ဒီနေ့သောက်တာ မကောင်းဘူး ဒန်ပေါက်လဲ မစားချင်. စားရလွန်းလို့အီသွားပြီ ဘိုက်ပူလာပြီတဲ့ အစ်မက ပြောတယ် စားစရာ မစားမှ ပိန်တာကို အခုလို စားစရာပေါများတဲ့နေရမှာ မစားရတာ သိတ်အဆင်မပြေဘူး.

၈။ သီချင်းသံတွေ လဲသိတ်ခံစားလို့မရဘူး အသက်ကြီးလာတာ မကောင်းပါဘူး Lonely ဖြစ်လာတယ် သူငယ်ချင်းတွေ သိတ်ချစ်ခဲ့တာတွေ လဲမချစ်ကြတာတေ့ဘူ ကိုယ့်ဘဝနဲ့ကိုယ် သူ့ဘဝနဲ့သူ ငါကိုယ်တိုင်က မချစ်ချင်မခင်ချင်တော့တာ နိုင်ငံခြားမှာ နစ်ပေါင်းများစွားတ စ်ယောက်ထဲ နစ်ယောက်ထြ နေခဲ့ရတာ သိတ် အသားကျသွားပြီ လူတွေနဲ့မနေတတ်တော့ဘူ သူတို့ပြောတာတေါဘဲ ငါစိတ်မဝင်စားဘုး ငါ့အကြောင်းဘြ င်စိတ်ဝင်စားတယ်။ နားကို မထောင်ချင်တာ ။ ထမင်းစားလဲ မောင်ကလွဲပြီးအတူ မစားချင်ဘူး မျက်စိထဲ ဝင်လာလို့မရဘူး တစ်ယောက်ထဲ ငါ့ကို ဘာလို့ အကြာကြီနိုင်ငံခြားမှာ ထားကြသေးတာလား ငါကိုယ်တိုင်က နေခဲ့တာလား



၉. ငါ့သူငယ်ချင်းတစ်ယောကို ပြန်မလာနဲ့လို့ပြောလိုက်တယ် ဒုတ်ခတွင်းထဲ ဝင်မလာနဲ့လို့ ပြောလိုက်တယ။ဟိုမှာဘဲ အေးအေးချမ်းချမ်း စိတ်ချမ်းချမ်းသားသာ ကိုယ့်ဘာသာ ကိုယ်ရှာ ကိုယ့်ဘာသာ ကိုယ်သုံးဘာအပူမှ မရှိဘူးလို့ ဒီမှာ ငါ့မှာ ခြာလပတ်လည်လို့.ေ

၁၀. မျက်မှန် အိပ်ယာထဲ ထည့်အိပ်တာ ကျိုးသွားတယ် အခု အသစ်တစ်လက် အပို နဲ့ ဖတ်နေတယ် 3G လဲ ညတိုင်းဖွင့်အိပ်တယ် နင်မချမ်းသားသေးဘူးလား MPT. လည်နေတာ ကြည့်ရင်းနဲ့ အိပ်ပျော်သွားတာ အိပ်မွေ့ချလိုက်သလိုဘဲ.

 
 ၁၁။ကားမောင်းတာ အချက်ပြတာ အရမ်းနည်းလာတယ် ငါတို့ ဟိုခေတက တစ်ကယ်ဖမ်းတာ ဖြတ်မျဉ်းကိုခွ မောင်းလဲ ဖမ်းတာဘဲ အချက်မပြလဲ ဖမ်တားဘဲ အခုများတော့ဖမ်းတော့ဖမ်းတာဘဲ တက္ကစိပေါ်က ဆင်းလာပြီးဖမ်းတာတောင် တွေ့တယ်။ ဒါလဲ စည်းကမ်းမရှိကြဘူး မုန့်းဘို့ကောင်းတယ် တစ်ခါတစ်လေ ဝင်တောင် တိုက်ပစ်ချင်တယ် သောက်မြင်ကပ်လို့ အချက်ပြမီး ကို မသုံးကြဘူး စိတ်ကပူးပေါက်သလို မောင်းနေကြတာဘဲ။ ငါလဲ လစ်ရင် လစ်သလို ကွေ့လိုက်တောတာဘဲ. ရဲတွေ့ရင် တော့ထိတ်ကနဲဖြစ်သွားသား။ ငါမောင်းတာ နေးလို့ ခဏ ခဏ အဆဲခံရတယ် ကြောက်လို့ေ၇ှ့ကားနဲ့ဟထားလို့ကားးတွေ ကပျော်ပျော်ကြီါ်ဖြတ်ဝင်ကြတယ် အခုတော့ ဖင်ချင်းလိုက်ကပ်ထားရတယ် စိတ်ပုတ်မကြီးကို ဖြစ်လို့. ရေဆေး ၂၀၀၀ ကျပ်က အတွင်း ကို ပေါလစ်သုတ်ပေးတာ ဆေးအစုတ်ကြီးနဲ့ ဆေးတောင်ကွက်တယ်။

စိတ်ပျက်စရာကြီးပါကွယ်။


5 comments:

Anonymous said...

ခင်ရယ် ပြဿနာတွေက တနေ.တမျိုး မရိုးရပါလား။
MPT မချမ်းသာသေးဘူးလား၊ အိပ်မွေ.ချဆေးလေးရှင်းပြတာ သဘောကျလိုက်တာ။
ပြန်မလာနဲ. ဒုက္ခတွင်းထဲဆိုတာလဲ မှတ်သားထားလိုက်ပါတယ်။
မရိုးနိုင်တဲ့ အတွေ.အကြုံလေးတွေ ရှယ်ပေးလို. ကျေးဇူးပါနော်။

Anonymous said...

ခင်ရယ် ပြဿနာတွေက တနေ.တမျိုး မရိုးရပါလား။
MPT မချမ်းသာသေးဘူးလား၊ အိပ်မွေ.ချဆေးလေးရှင်းပြတာ သဘောကျလိုက်တာ။
ပြန်မလာနဲ. ဒုက္ခတွင်းထဲဆိုတာလဲ မှတ်သားထားလိုက်ပါတယ်။
မရိုးနိုင်တဲ့ အတွေ.အကြုံလေးတွေ ရှယ်ပေးလို. ကျေးဇူးပါနော်။

Anonymous said...

I like #9.
Even though I do not write comments, I read your blog everyday. Like everyone of your readers.
A lot of people interested in your blog although they don't want to show interest but I know because I am one of them.
Keep writing Ma Khin Oo May. We will be reading always.

Anonymous said...

ရေတ၀က်ပဲ ရှိတာပဲ ဆိုတဲ့လူစားမျိုး အဖြစ်မခံနဲ့နော်

Anonymous said...

Ma Khin,
Pls don't be one of them by time. my BIL went back to ygn for good after spent 10 yrs in sg and Malaysia. when I took his ride in ygn this round, he was not using belt when driving. and he told me because nobody is using here when I asked him why he is not using. That's the best example I hate most. your safety is nothing to do with where you are.